ကျွန်းလှ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်များကို ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညနေပိုင်းက ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ် ဘုန်းတော်ကြီးများတွင် ဌာနဆိုင်ရာများ၊ ဝတ်အသင်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ဘုရားရေသပ္ပာယ်ခြင်း၊ ဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့အပြင် ဆရာတော်သံဃာတော်များ၊ ယောဂီသီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းများကို အလှူရှင်များကကုသိုလ်ပြုလှူဒါန်း ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ