ဇလွန်မြို့တွင် အစိုးရ အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု စာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

ဇလွန် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရအဘိဓမ္မာနှင့် ဗုဒ္ဓဘာသာ ယဥ်ကျေးမှု စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ သြဝါဒတရားနာကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာများ လျှေက်ထားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက အစိုးရအဘိဓမ္မာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနာက် သဖန်းကုန်း ဆရာတော်က နိဂုံးချုပ် သြဝါဒမြွက်ကြားခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)