မီးသတ်တပ်ဖွဲ့မှ အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ဇီးကုန်း မေ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူပေါင်း၍ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ဆွမ်းလောင်းဓမ္မာရုံတွင် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ သမိုင်းဝင်မြသိန်းတန်စေတီတော်မြတ်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ ထိုပြင် သောက်သုံးရေလိုအပ်လျက်ရှိသော နေရာများသို့သွားရောက်၍ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)