ဟိုင်းကြီးကျွန်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၅)(ပစ်ခတ်စဥ်မပါ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)အချိန်က ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏လုံခြုံရေးကိုရှေးရှု၍ အကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး ကာကွယ်စောင့်ရှောက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ကြရန်နှင့် မိမိဒေသလုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း(ပြန်/ဆက်)