ကန်ကြီးထောင့် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တောင်သူများအား (၂၅%)ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅%)အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)