ကျွန်းစု မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ ဖွင့်လှစ်ခဲ့ကာ သင်တန်းကို စတင်ခဲ့သည်။
သင်တန်းကို မေလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ လုပ်ငန်းဆိုင်ရာ ကဏ္ဍအသီးသီးတို့ကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)