ပခုက္ကူ မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာ သမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစားများ၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့်သင်တန်းများအကြောင်းတို့ကို PowerPoint ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းတွင် အသုံးပြုမည့်သင်တန်းသုံးပစ္စည်းများ၊ သင်တန်းဆင်းများကိုယ်တိုင်ရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၃၀) ဦး တက်ရောက်မည်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ မေလ ၁၂ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ သင်တန်းကာလခြောက်လကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)