ကော့သောင်း မေ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က (၂) ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းဒီပလိုမာသင်တန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက သင်ထောက်ကူပြခန်းအတွင်း ခင်းကျင်းပြသထားသော သင်တန်းသား၊ သူများ၏ လက်တွေ့တီထွင်ဖန်တီးမှု သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကြပြီး သင်တန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေ ကျပ် (၁၀) သိန်းအား တာဝန်ရှိသူများထံ ပေးအပ်သည်။
အဆိုပါ ဒီပလိုမာသင်တန်းသည် နိုင်ငံဝောာ်အကြီးအကဲ၏ လမ်းညွှန်မှုအရ ဆရာ၊ ဆရာမများ၏ သင်ပြနည်းများ မြင့်မားလာစေရန်၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ ကိုယ်တိုင်ဖန်တီးပြီး လက်တွေ့သင်ကြားတတ်မြောက်စေရန်၊ ကလေးများ နားလည်လွယ်သော သင်ကြားသင်ယူနည်းစနစ်ကောင်းများ၊ အသုံးချမှုမြင့်မားလာစေရန် ဒီပလိုမာဘွဲ့ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)