ရွှေကျင်မြို့နယ် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဘုရားဖူးသူများဖြင့်စည်ကား

ရွှေကျင်  မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် မေလ ၁၁ ရက် ကဆုန်လပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။

သမိုင်းဝင် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် ကဆုန်လပြည့်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်ရပ်ဝေး/ ရပ်နီးမှပြည်သူများက ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်အား ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားကြီးပုရဝုဏ်အတွင်းရှိ မဟာဗောဓိ‌ညောင်ပင်အား ညောင်ရေသွန်းလောင်းပူ‌ဇော်ခြင်း၊ ဓမ္မစင်္ကြာဝတ်ရွတ်ပူဇော်ကြခြင်းများဖြင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)