နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် အသားတိုးဝက်များ မွေးမြူလျက်ရှိ

နတ်မောက် မေ ၁၁       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ၌ မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရှိစေရေး တစ်နိုင်တစ်ပိုင် အသားတိုးဝက်များ မွေးမြူလျက်ရှိသည်။ 

နတ်မောက်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ဝက်မွေးမြူသူများသည် ယခုအခါ  အသားတိုးဝက်သားပေါက်များကို ဝယ်ယူကြ၍ အသင့်စပ်ပြီးဝက်စာ(CP)စာများဖြင့် ကျွေးမွေးပြုစုလျက်ရှိကာ ဝက်ခြံတစ်ခြံလျှင် ဝက်သားပေါက်ကောင်ရေ (၁၀)ကောင်မှ အကောင်(၂၀)အထိ ထည့်သွင်းမွေးမြူထားရှိကြကြောင်း၊ (CP)ဝက်သားပေါက်များ၏ ကျန်းမာရေးအတွက် သန့်ရှင်းသောဝက်ခြံအဖြစ် စနစ်တကျအမိုးအကာဖြင့် တည်ဆောက်မွေးမြူရကြောင်း၊ (CP) အသားတိုးဝက်များကို ခြံတွင် ထည့်သည့်နေ့မှ ရက်သတ္တပတ် (၁၃) ပတ်မှ (၁၆)ပတ်အတွင်း ဝယ်ယူသူကုမ္မဏီများသို့ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ မွေးမြူထားသည့် ဝက်သားပေါက်များထဲမှ ဝက်အမချန်ထားပြီး ဆက်လက်မျိုးပွားရန် မွေးမြူထားကြောင်း၊ မိမိတို့ခြံမှ အသားတိုးဝက်များ ရောင်းချချိန်တွင် ဈေးကောင်းရရန် မျှော်လင့်ကြောင်း ကြူအိုင်ကျေးရွာမှ မွေးမြူရေးလုပ်ကိုင်သူ မနီလာက ပြောကြားခဲ့သည်။

မူမူစန်း