စလင်း မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသအတွင်း စိမ်းလန်းစိုပြည်၍ ရာသီဥတုကောင်းမွန်မျှတစေရန်တို့အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များအခမဲ့ ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း(၂၀၀၀)ကို ၂၀၂၅ ခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့မပျိုးဦးယျာဥ်နှင့် တမာချောင်ပျိုးဥယျာဥ်တို့တွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ နှစ်စဥ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များ ပျိုးထောင်ထားရှိကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ကျးရွာအုပ်စုများဖြင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်များကို ဌာနဆိုင်ရာများ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များနှင့် ပြည်သူလူထု အားလုံးပူးပေါင်း၍ မြို့နယ်ချင်းဆက်လမ်း ဘေးဝဲ/ယာများ ကျေးရွာထင်းစိုက်ခင်(၂၀)ဧက စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးရန် ဒေသခံ ကျေးရွာပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စလင်းမြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများမှ နှစ်စဥ်မိုးရာသီကာလစိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင်စိုက်ပျိုးနိုင်ရန် မြို့မသစ်တောပျိုးဥယျာဥ်နှင့် တမာချောင် ကျေးရွာပျိုးဥယျာဥ်တို့တွင် ပျိုးပင်ပေါင်း(၂၀၀၀၀)ပျိုးထောင်ထားရှိကြောင်း စိုက်ပီုးမည့်ပျိုးပင်များပျိုးထောင်ရာတွင် နှစ်ရှည်ခံနှင့် အရိပ်ရပင်များဖြစ်သည့် တမာ၊ မယ်ဇယ်၊ ရေတမာ၊ ကုက္ကို၊ သပြေဘူတ၊ ကျွန်းပင်များ စိုက်ပျိုးထားရှိကြောင်းကို မြို့နယ်သစ်တောဦးသီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)