ဇီးကုန်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်းကို မေလ ၁၀ ရက်နေ့က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီဆရာကြီးဦးအေးမော်က ပန်းချီရေးဆွဲနည်းနှင့်ပတ်သက်သည့်အခြေခံနည်းစနစ်များ၊ မျဉ်းကွေး၊ မျဉ်းကောက်၊ မျဉ်းဖြောင့်တို့၏ သဘောတရားများ၊ လူပုံ၊ ရှုမျှော်ခင်းပုံ ရေးဆွဲနည်းတို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး လက်တွေ့ရေးဆွဲစေခဲ့ကြသည်။
အဆိုပါ ပန်းချီရေးဆွဲနည်းသင်တန်းကို မေလ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ရေဆေး၊ ဖရောင်းရောင်စုံခဲတံတို့ဖြင့် လက်တွေ့သင်ကြားပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းမှ ပန်းချီရေးဆွဲခြင်းတွင် ဝါသနာပါသော ကျောင်းသားလူငယ် ၂၆ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)