ကြံခင်းမြို့၌ ဂရန်မြေနှင့်ယစ်မျိုးလိုင်စင် လျှောက်ထားလာမှုအပေါ် တာဝန်ရှိသူများကပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

ကြံခင်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားလာသည့် ဂရန်မြေနှင့် ယစ်မျိုးလိုင်စင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်း စစ်ဆေးကြည့်ရှုကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြေဂရန်လျှောက်ထားခြင်း၊ အမည်ပြောင်းလျှောက်ထားသူများအား တွေ့ဆုံကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အချက်အလက်များအားစစ်ဆေးခြင်း၊ ယစ်မျိုးလိုင်စင်များ နေရာပြောင်းရွေ့ရာ၌ သတ်မှတ်ထားသည့် နယ်မြေဧရိယာအတွင်းလွတ်ကင်းမှုရှိမရှိ လိုင်စင်နှင့် ကိုက်ညီစွာရောင်းချခြင်း ရှိ မရှိတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)