ကျွန်းလှမြို့နယ်၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆင်းပွဲ ကျင်းပ

ကျွန်းလှ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင် (၃) ဦးစိုးကျော်နိုင်တို့က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းက သင်တန်းတွင် ပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိများက ဆုချီးမြှင့်ပေးကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)