လပွတ္တာ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က လပွတ္တာမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်က မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူတစ်ဦးတစ်ယောက်တိုင်း ရှေးဦးပြုစုခြင်း အကြောင်းအရာများနှင့်ပတ်သက်၍ တက်သိနားလည်ထားရန်၊ ဆေးရုံ၊ ဆေးခန်းကွာဝေးလှသော နေရာများတွင် ရှေးဦးပြုစုခြင်းနည်းဖြင့် ပြုစုစောင့်ရှောက် တက်စေရန်နှင့် သင်တန်းကို ၉-၅-၂၀၂၅ ရက်နေ့မှ ၁၁-၅-၂၀၂၅ ရက်နေ့အထိ (၃)ရက်တိုင်တိုင် လက်တွေ့ စာတွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(လပွတ္တာ)