သရက်ချောင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်မှုဖြင့် ဆရာ/ဆရာမများက ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ -စစ် လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်မှုဖြင့် ဆရာ/ဆရာမများက သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၌ ရေကန်ကြီးများ၊ ရေတိုင်ကီများ၊ ရေပုံးများ၊ ညောင်ရေအိုးများအတွင်းသို့ ပိုးလောက်လန်းသေဆေး(အဘိတ်ဆေး)များကိုစုပေါင်း၍ လိုက်လံခတ်ပေးခဲ့ပြီး အဆိုပါနေအိမ်များတွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်ပြောပြခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)