ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဥပဒေရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ မတ် ၉

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဥပဒေရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ပြည်နယ်ဥပဒေအရာရှိ ဦးကျော်သိန်းလွင်က ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကို အကြံပြုဆွေးနွေးကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဥပဒေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)