ဖြူး မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊နွေစပါး စိုက်ဧက (၁၇၃၈၉) ဧကလျာထားစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအခြေအနေအရ ရိတ်သိမ်းချိန်ကာလ ရောက်ရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးခဲ့ရာတွင် ဒေသလျာထားမှုအင်းအိုင်ရေဖြင့် (၄၀၉) ဧက၊ ချောင်းပိတ်ရေဖြင့် (၂၈၃၁)ဧက၊ ဆည်ရေဖြင့်(၁၄၁၄၉)ဧက စိုက်ပျိုးနိုင်ရေးလျာထားပြီး အဓိကစိုက်ပျိုးသောစပါးမျိုးများမှာ ဆင်းသုခမျိုး၊ ရက်(၉၀)မျိုး၊ နှံကောက်မျိုး၊ ရတနာတိုးမျိုး၊ ဗီယက်နမ်မျိုး၊ YSR-1 မျိုးများ ဖြစ်ကြောင်းနှင့် တစ်ဧက အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)