မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကံမမြို့နယ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ကံမ မေ ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် သရက်ခရိုင်၊ ကံမမြို့နယ် စပယ်ခြုံကျေးရွာအုပ်စု၊ စပယ်ခြုံကျေးရွာသို့ ယမန်နေ့နံနက် (၁၁)နာရီက ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်မှ တောင်သူ ဦးစန်းလွင်၏ ကွင်းအမှတ် (၁၆၆) အောင်နိုင်တိုးမျိုးစပါး စံပြဧက (၁၀၀) တဆက်တစ်စပ်တည်း နွေစပါးစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ် (၁)နာရီ (၃၀)မိနစ်အချိန်၌ ကံမမြို့ အမှတ်(၂)ရပ်ကွက် ကံမ-သရက်လမ်းရှိ မြို့နယ်ခန်းမသို့ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏တင်ပြချက်အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ် (၃)နာရီ၌ ကံမမြို့နယ်၊ ပုဇင်းနိမ့်ကျေးရွှာအုပ်စု၊ တောင်တီးကျေးရွှာရှိ ဦးကိုကြီး၏ ကြက်မွေးမြူရေးခြံတွင် အသားစားကြက်ကောင်ရေ (၃၃၀၀) မွေးမြူထားမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ ကံမမြို့နယ် ထန်းတောကျေးရွှာအုပ်စု၊ သပြင်ဆောင်ကျေးရွှာ သပြင်ဆောင်ဘုန်းတော်ကြီးကျောင်း၌ တည်ထားကိုးကွယ်တော်မူသော မြို့နယ်ဂုဏ်ဆောင် ရပ်တော်မူကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)