ကရသူရိ မေ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်အချိန်များတွင် ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်သည့် အလေ့အကျင့်များပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်များရရှိရေး၊ စာအုပ်/စာပေများနှင့် စဥ်ဆက်မပြတ်ထိတွေ့နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်း ကျင်-၃က စာပေဖတ်ရှုရန်နည်းလမ်းကောင်းများအားရှင်းပြခြင်း၊ လေ့ကျင့်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်းစသည့် စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ဆောင်ရွက်ပေးခြင်းသည် စာဖတ်အားကောင်းသည့် ကျောင်းသား/သူကလေးများပေါ်ထွန်းစေပြီး အသိပညာ/ဉာဏ်ရည်များကြွယ်ဝလာခြင်းနှင့် ထူးချွန်/ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိရန် စာဖတ်သည့်အလေ့အကျင့်များပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)