ရွှေဘို မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီကစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းမှ ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်သီသီဝင်းမှ အခမ်အနားမှူး MC တစ်ယောက်တွင်ရှိရမည့် အရည်အချင်းများ၊ ဝတ်စားဆင်ယဉ်မှု၊ မိုက်အသုံးပြုမှု၊ အသုံးအနှုံးဝေါဟာရများကို မှန်ကန်စွာသုံးစွဲခြင်း၊ ကြိုတင်ပြင်ဆင်မှု၏ အရေးပါပုံ၊ ဂရုပြုစရာ ဆောင်ရန်/ရှောင်ရန်နှင့် အကြံပြုချက်များ၊ အထောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၇.၅.၂၀၂၅)မှ (၉.၅.၂၀၂၅) အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြာပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)