အိမ်မဲမြို့ တကောကျေးရွာတွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်တိုင်ရင်းဆေးဖြင့် ဆေးကုသပေး

အိမ်မဲ မေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊တကောကျေးရွာ ရိုးကြီးဝိသုဒ္ဓါရုံသာသနာ့ ဗိမာန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်ကဆောင် ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားအကြောင်း၊ စာကြည့်တိုက်အကြောင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က နွေရာသီတွင် ဖြစ်ပွားတတ်သောရောဂါ အကြောင်းကိုလည်းကောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့် သောအစားအစာများနှင့်online စျေးရောင်းချခြင်း အကြောင်းအရာများလည်းကောင်း အသီးသီးအကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျေးရွာမှပြည်သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက သုတ/ရသရရှိစေမည့် စာအုပ်စာစောင်များ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများကလေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)