လိပ်သိုဒေသတွင် သဘာဝနနွင်းမှုန့်တစ်ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိ

လိပ်သို မေ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းကို စီးပွားဖြစ် စိုက်ပျိုးထားကြရာ တူးဖော်ရရှိလာသော နနွင်းများအား အမှုန့်ကြိတ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

နနွင်းစိုက်တောင်သူများမှာ နနွင်းကို ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် စတင်တူးဖော်ကြပြီး အစိုလိုက်သော် လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချခြင်းသာမက တစ်ချို့က နနွင်းကိုအမှုန့်အဖြစ်ကြိတ်ကာ ပြန်လည်ရောင်းချရာ၌လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ သဘာဝနနွင်းမှုန့်များသည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံး ဆေးဖက်ဝင်အမယ်တစ်မျိုး ဖြစ်ကြောင်း၊ တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်းကောင်း၊ မျက်နှာအလှကိုပြုပြင်ရန်နှင့် အသားလှလိမ်းဆေးအဖြစ်လည်းကောင်း၊ ဟင်းလျာများချက်ပြုတ်ရာတွင်လည်းကောင်း အသုံးပြုကြပြီး ဗူးပါကင်ပုံစံအမျိုးမျိုးထုတ်ပိုး၍ တံဆိပ်ကပ်ကာ ရောင်းချကြကြောင်း၊ လိပ်သိုဒေသထွက် နနွင်းမှုန့်များကို လက်လီဈေး တစ်ဆယ်သားလျှင် (၂၅၀ဝိ/-) ကျပ်နှင့် တစ်ပိဿာလျှင် (၂၅၀၀၀ိ/-) ကျပ်အထိ ရောင်းချရပြီး လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရောင်းချခြင်းသာမက တောင်ငူမြို့နှင့် ရန်ကုန်မြို့သို့လည်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။

ခင်လေးနွယ်