ကလေး၊ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများ အကြောင်း Talk Show ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က Talk Show ကျင်းပခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာဆွေက မီးခိုးမြူငွေ့အကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသောအကြောင်းအရာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့အန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ကြရမည့်အချက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)