လဟယ် မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုက အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ကြရန်နှင့်တက္ကသိုလ်၀င်တန်းပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားပါသည်။
ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသော ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများက မိမိဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆက်လက်တင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များက ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)