ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

ပခုက္ကူ မေ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ညောင်ပင်ကြီး-‌ဗုဒ္ဓကုန်းမဟာဓာတ်အားလိုင်းတိုင် နှစ်တိုင် ကျိုးကျမှုကြောင့်  မေလ ၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထိုသို့ သောက်သုံးရေခက်ခဲမှုများကြောင့် ပြည်သူများသောက်သုံးရေ ဖူလုံစွာရယူသုံးစွဲနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အမှတ် ၆ နှင့် ၁၅ ရပ်ကွက်များအတွင်း လှည့်လည်လှူဒါန်းရာ မေလ ၇ ရက်မှစတင်ပြီး ယနေ့အထိ သောက်သုံးရေ ရေဂါလံ ၁၂၈၀၀ ခန့် လှူဒါန်းခဲ့ကြောင်း၊ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)