ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာတွင် (ကိုယ့်အားကိုယ်ကိုး) ကျေးရွာချင်းဆက် မြေသားလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ငပုတော မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် မေလ ၆ ရက်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် စမ်းချောင်စဉ့်အိုးဖိုကျေးရွာအုပ်စုတွင် ကံ့ကော်ကုန်းရွာ၊ ဘီလူးကုန်းရွာနှင့် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာသို့ ဆက်သွယ် ထားသော (ကိုယ့်အားကိုယ်ကိုး)မြေသားလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့ခိုင်မြဲအောင် အလေးထားဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကံကော်ကုန်းရွာ၊ ဘီလူးကုန်းရွာနှင့် စမ်းချောင်းစဉ့်အိုးဖို ကျေးရွာမြေသားလမ်းသစ်သည်လမ်းအရှည်ပေ ၁မိုင် ၆ဖာလုံ၊ ထု(၆)ပေခန့်ရှိပြီး မြေသားလမ်းသစ်ကို ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးရွာသုံးရွာမှထွက်ရှိသော၊ ဆန်စပါး၊ ဝါး၊ ဓနိ၊ မီးသွေး၊ ထင်း၊ သစ်နှင့် အခြားရေထွက်ပစ္စည်းများကို လွယ်ကူစွာ ကူးသန်း ရောင်းဝယ်နိုင်ပြီး အိမ်ထောင်စု (၅၅၀)အတွက် ပညာရေး၊ စီးပွားရေးကို များစွာအကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အုပ်ရှစ်ကွင်း ကျေးရွာအုပ်စု၊ စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စုနှင့် အုပ်ပုံရေကျော် ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့်ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကာ ပိုက်ဆံလျှော်မျိုးစေ့များကို ဒေသခံတောင်သူများနှင့်အတူ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)