လိပ်သိုဒေသထွက် သဘာ၀ကော်ဖီမှုန့်စစ်စစ်များ ယမန်နှစ်ကထက် ဈေးကောင်းရရှိ

လိပ်သို မေ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် အာရေးဗီးကားနှင့် Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသောကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချလျက်ရှိရာ  ယမန်နှစ်ကထက် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

နွေရာသီကာလတွင် ကော်ဖီသိုလှောင်ထားသူများနှင့် ကော်ဖီဝယ်ယူသူပွဲစားမျာက ကော်ဖီများကို အမှုန့်ကြိတ်ပြီး ရရှိလာသော ကော်ဖီမှုန့်စစ်စစ်များကို ထုပ်ပိုးကာ တံဆိပ်ကပ်ရောင်းချကြကြောင်း၊ ယမန်နှစ် ​​နွေရာသီက ကော်ဖီမှုန့် တစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်သာ ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ကော်ဖီမှုန့် လက်လီစျေး တစ်ပိဿာလျှင် ကျပ်(၈၀၀၀ဝိ/-)အထိ ဈေးကောင်းရရှိနေကြောင်း  ကော်ဖီကုန်ချောထုတ်လုပ်သူ  တစ်ဦးထံမှသိရသည်။

ကော်ဖီမှုန့်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့ ပို့ဆောင်ရောင်းချရကြောင်း၊ ကော်ဖီမှုန့်များကို သောက်သုံးရန်အတွက်သော်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက် သော်လည်းကောင်း၊ ကော်ဖီဆပ်ပြာကဲ့သို့သော ဒေသထွက်ကုန်များတွင် အသုံးပြုရန်အတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)