မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့နယ် ဘန့်ဘွေးကျင်းကျေးရွာတွင် မြေသားမိုးရေလှောင်ကန် တူးဖော်

ကံမ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘန့်ဘွေးကျင်းကျေးရွာ၌  မြေသားမိုးရေလှောင်ကန်အား   တူးဖော်ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ မြေသားမိုးရေလှောင်ကန်မှာ   ပေ ၁၀၀ ပတ်လည် နှင့် အနက် ၆ ပေ ရှိပြီး     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၈၅ သိန်းဖြင့်   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း       ဘန့်ဘွေးကျင်းကျေးရွာမှ အိမ်ခြေ ၉၄ အိမ် ၊ လူဦးရေ ၃၇၄ ဦးတို့အား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)