နတ်မောက် မေ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မူလတန်းကြိုကျောင်းကို မေလပထမပတ်က ဆရာ/မများဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နတ်မောက်မူလတန်းကြိုကျောင်းတွင် ကျောင်းသား/သူကလေးငယ် (၁၀၀)ဦး လာရောက်အပ်နှံထားပြီး ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်အတွက် ကစားနည်းဖြင့်သင်ကြားခြင်း၊ တေးဂီတနည်းဖြင့်သင်ကြားခြင်း၊ အခြေခံပန်းချီနည်းဖြင့်သင်ကြားခြင်း၊ လက်မှုပညာနည်းဖြင့်သင်ကြားခြင်း စသည့် နည်းပညာများဖြင့် ဆရာ/မများက ကလေးငယ်များကို စိတ်ပျော်ရွှင်မှုများစွာဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း