၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာရှိ ရွေအိုင်မြေဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းချိန်ပြည်မှီအောင် သင်ယူကြရန်နှင့် အလေးထားသင်ယူကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းနှင့် မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်တို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာက သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို မေလ (၇)ရက်နေ့မှ ဇွန်လ (၆) ရက်နေ့အထိ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့သင်တန်းသား (၂၀) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)