အိမ်မဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ၊ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အိမ်မဲ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသည်းအဝေးခန်းမတွင် ၂၀၂၄-၂၀၂၅ခု ၊ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကိုယမန်နေ့နံနက် (၁၀)နာရီအချိန်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအကြောင်းအရာ များ ကိုလည်းကောင်း၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အမှာစကားများကိုလည်းကောင်း၊ အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မျိုးလွင်က သုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးအကျယ်တဝင့်ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ကျေးရွာကော်မတီဝင်များက အုပ်စုအလိုက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်း တက်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)