တောင်တွင်းကြီး မေ ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေလ ၅ ရက်နေ့က တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက လေးကျွန်းအောင်မြေ ဘုရားရင်ပြင်တော်ပေါ် ပြည့်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မြို့ပေါ် (၁၀)ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လေးကျွန်းအောင်မြေဘုရား ရင်ပြင်တော်ပေါ်၌ ဘုရားရေသပ္ပာယ်ခြင်း၊ သန်းရှင်ရေးဆောင်ရွက်ခြင်းနှင့် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများအား ရေဖြန်းဆေးကြောပေးခြင်းနှင့် ပေါင်းမြတ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ပန်းပင်များအား ရေလောင်းပေါင်းသင်ပေးခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)