ညောင်တုန်း မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းနယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဦးတင်မောင်က ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကြက်ခြေနီ၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လုပ်ဆောင်နေသည့် အခြေခံမူ(၇)ရပ်၊ ကြက်ခြေနီ အသင်းကြီး၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဥ်များ၊ ညောင်တုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းဆောင်ရွက်မှုများစသည့် ကြက်ခြေနီအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)