ကျွန်းလှ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးအရောင်းဆိုင်များအား တရားမဝင်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်(၄)ဆိုင်အား အရောင်းလိုင်စင်နှင့် ရောင်းချသူလိုင်စင်ရှိမရှိ၊ ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေး၊ သက်တမ်းလွန်ပစ္စည်းများ၊ ဌာနမှပယ်ဖျက်ထားသော ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဗိုလ်မှူး ဖြိုးသန့်ဇင်ထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ