ခန္တီး မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးအချိန်နှင့်အရပ်တိုင်းခြင်း၊ သွေးစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ အားဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)