ကြို့ပင်ကောက် မေ ၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျာ်ဇေယျက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူ များအတွက်ထောက်ပံ့ငွေများပေး အပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇) စုမှ ဝန်ထမ်း (၉) ဦး၊ ပြည်သူ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအားတစ်ဦးလျှင် (၂၀၀၀၀)ကျပ်နှုန်းစီဖြင့် စုစုပေါင်းငွေ(၁၆၀၀၀၀၀)ကျပ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်ထံအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း