ဟင်္သာတမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်များ) စုပေါင်းကြဲပက်ပွဲကျင်းပ

ဟင်္သာတ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက် ကျေးရွာအုပ်စု၊ လှည်းလမ်းတက်ကျေးရွာရှိ ကွင်းအမှတ် (၁၄၇၅)၊ ဦးပိုင်အမှတ်(၆၂)၊ တောင်သူ ဦးအေးကို ပိုင် လယ်မြေ (၅.၀၀)ဧက၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း အင်အား(၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အတွင်းရေးမှူး ဦးစောဝင်းရွှေမှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမှီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ လျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီဩဇာထက်သန်စေပြီး သွင်းအားစုဓာတ်မြေဩဇာ လျော့ချသုံးစွဲခြင်းဖြင့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ ဝင်ငွေများတိုးပွားမည်ဖြစ်ကြောင်းစသဖြင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ ဒေသခံတောင်သူများထံ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခြင်းနှင့်အဆိုပါ လယ်မြေ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများစုပေါင်း၍ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်ခြင်းများ ပြုလုပ်ခဲ့သည်။ အလားတူ နေ့လယ်ပိုင်းအချိန်တွင် ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ ကြခတ်ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၈၅)၊ ဦးပိုင်အမှတ် (၁၁၇)ရှိ တောင်သူ ဒေါ်စန်းစန်းအေး ပိုင်လယ်မြေ(၆.၀၀)ဧက ၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)