မင်းဘူးမြို့၌ Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲ ဖြေဆိုနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

မင်းဘူး မေ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အ.ထ.က(ခွဲ) မြို့မကျောင်း၌ Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲဖြေဆိုနေမှုကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ဖြေဆိုရာတွင် န၀မတန်းအောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများနှင့် ဒသမတန်းကျထားသူများအတွက် ဒသမတန်း (Grade-10) နှင့် ဒသမတန်းအောင်မြင်ပြီး စနစ်သစ် ဧကာဒသမတန်း (Grade-11ကို ဖြေဆိုလိုသူများအတွက် ကျောင်းတွင်းစစ်ပြင်ပေဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၁၂) ရက်အတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆိုပါစာမေးပွဲကို ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော်တွင် အမှုထမ်းနေသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ကြပြီး မင်းဘူးမြို့မှ ကျောင်းသား၊ ကျောင်းသူ  Grade-10 (၆) ဦး၊ Grade-11 (၅) ဦးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)