ကသာ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)ကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချခြင်းများကို ဧပြီ ၂၈ ရက်မှစတင်ကာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မေ ၄/ ၅/ ၆ ရက်များတွင် မုံရွာတက္ကသိုလ်မှ ပါမောက္ခ၊ ဆရာ၊ဆရာမများက Video Conferencing ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမနှင့် ယာယီခန်းမများတွင် ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဥ်းနှင့်ကိုက်ညီသော ဖြေဆိုနည်းများကို စနစ်တကျ ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့တွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများနှင့်စပ်လျဥ်း၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် Camp ဖွင့်လှစ်ပြီး ဧပြီ ၂၈ ရက်က စတင်ကာ သင်ကြားပေးလျက်ရှိေကြာင်း၊ စားသောက်ရေးအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာစီစဥ်ပေးပြီး နေစရာ အိပ်ဆောင်၊ သောက်ရေ၊ ချိုးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း စာသင်ချိန်များအနေဖြင့် နေ့စဥ်နံနက် ၉ နာရီမှစတင်ပြီး သင်ကြားရေး (၆)ကြိမ်၊ Revision သဘောမျိုး ပြန်လည်ဆောင်ရွက်ခြင်း (၆)ကြိမ်ရှိကြောင်း Camp ကို ဧပြီ ၂၈ ရက်မှစတင်ဖွင့်လှစ်ပြီး စာမေးပွဲဖြေဆို ပြီးသည်အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ Camp စခန်းဖွင့်သင်ကြားပေးနေမှုအနေဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား (၁၁၃) ဦး၊ ကျောင်းသူ (၁၇၄) ဦး ပေါင်း (၂၈၄)ဦးရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စာရင်းရှိကျောင်းသားကျောင်းသူ စုစုပေါင်း (၆၂၉)ဦး အနက် ယနေ့အထိလာရောက် စာရင်းပေးသွင်းထားသူ(၅၆၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာထွန်း(ကသာ)