ကရသူရိ မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ ကျောက်ထနောင်း တပ်နယ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်၍ အခမဲ့ဆေးဝါးကုသပေးခြင်းကို အမှတ် (၃၈)ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီးကျော်သီဟနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ အမှတ် (၅၅၅) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးဟန်ဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ခြင်း/ စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် လိုအပ်သည်များထောက်ပံ့ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ ကျန်းမာစွာနေထိုင်နိုင်ရေးနှင့် လိုအပ်သည့် ဆေးဝါးများရရှိရေး ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါ ဆေးဝါးကုသပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ ၁၁ နာရီအချိန်ထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)