မင်းလှ မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကာယပညာနှင့်အားကစားမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ကြည်ကြည်ချိုက အမှာစကားပြောကြားပြီး၊ ဒု-ဦးစီး ကာယဆရာကြီး ဦးစန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် သက်ဆိုင်သောအချက်အလက်များကို ပြောကြားသည်။
ဆက်လက်၍ ဆရာမဒေါ်နေခြည်ဝင့်အောင်က PE (22) Fitness Exercise ကို သရုပ်ပြတင်ဆက်ခဲ့သည်။
အဆိုပါ သင်တန်းကို ဒု-ဦးစီး ကာယဆရာကြီး ဦးစန်းအောင်ကြီးကြပ်မှုဖြင့် ကာယနည်းပြဆရာ(၈) ဦးတို့က အတွဲ(၃/၄)၊ Fitness Exercise၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ကြံ့ခိုင်စွမ်းရည် စသည့်ဘာသာရပ်များကို အခန်း(၄) ခန်းခွဲ၍ သင်ကြားပို့ချပေးခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ (၁၅၅)ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း (၁၅၉)ကျောင်းမှ ဆရာ၊ ဆရာမများ (၁၅၉)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကို နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄) ချိန်ထိ(၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)