မြိတ်မြို့တွင် အခြေခံစာကြည့်တိုက် ပညာသင်တန်းဖွင့်လှစ်

မြိတ်  မေ  ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို မေလ(၆)ရက် နေ့လယ်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းစာကြည့်တိုက်များကို စနစ်တကျဆောင်ရွက်နိုင်စေရေးနှင့် စာကြည့်တိုက်ပညာရပ်များ ပြန့်ပွားစေရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က  အမှာစကားပြောကြားပြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။

အဆိုပါ သင်တန်းတွင် စာကြည့်တိုက် စီမံခန့်ခွဲခြင်းဘာသာရပ်၊ မျိုးတူစုခြင်းဘာသာရပ်နှင့် ကတ်သလောက်ရေးသားခြင်းဘာသာရပ် စသည့်သင်ခန်းစာများကို မေလ(၆)ရက်မှ(၈)ရက်အထိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာနှင့် ဒုဦးစီးမှူး ဒေါ်ချိုချိုစန်းတို့က ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသား ဆရာ/မ (၄၁)ဦးနှင့် ဌာနဆိုင်ရာ (၃)ဦး စုစုပေါင်း(၄၄)ဦး တက်ရောက်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)