ကလေး မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ကလေးခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် မေလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူုး ဦးအောင်စိုးနှင့် ခရိုင်/မြို့နယ်၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ကလေးမြို့ ဇီဝသုခဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဘောဇဉ်နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးနှင့် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကလေးခရိုင်/မြို့နယ်၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်(၆၂)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀၀)ကျပ်ဖြင့် ငွေကျပ်(၃၁)သိန်း၊ အိမ်ထောင်သည် ရဲမေ(၂၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၂၀၀၀၀)ဖြင့် ငွေကျပ်(၅)သိန်းတို့ကို ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆိုင်၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)