ပန်းတနော် မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေလ(၅)ရက်နေ့နံနက် ၉ နာရီက အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာ ရှစ်မျက်နှာဘုန်းတော်ကြီးကျောင်း၌ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါလှူဒါန်းမှုအား ပန်းတနော်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး၏လမ်းညွှန်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ကြက်သွန်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ငါးငါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)