ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) မှသင်တန်းသား သင်တန်းသူများ ဘားအံမြို့နယ်အတွင်း လေ့လာရေးခရီးသွားရောက်

ဘားအံ မေ ၆

ကာကွယ်ရေးဦးစီးချုပ်(ရေ) ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရေကြောင်းလူငယ်စခန်း၊ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅ ) ကို ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား အခြေခံစစ်ရေးပြဘာသာရပ် တပ်မတော်သမိုင်းဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရား၊ ရေကြောင်းသွားလာရေးဘာသာရပ်၊နှင့် လှေလှော်ရွက် တိုက်ဘာသာရပ်၊ စသည့်သင်ခန်းစာများအား ဘားအံတက္ကသိုလ်ကျောင်းဝန်းနှင့်စာသင်ခန်း၊ ကန်သာယာကန်တို့၌ စာတွေ့လက်တွေ့သင်ကြားပို့ချ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါရေကြောင်း လူငယ်အခြေခံသင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းဘားအံမြို့နယ်အတွင်းရှိ ကော့ဂွန်းဂူဘုရား၊ မြိုင်ကလေးအမှတ်(၂)တန် လေးထောင်ဘိလပ်မြေစက်ရုံနှင့် ကျောက်ကလပ်ဘုရားသို့သွားရောက်ဖူးမြော်ကြည်ညိခြင်း ပျော်ရွှင်စွာလေ့လာအပန်းဖြေခဲ့ကြကြောင်းသိရသည်။

၎င်းသင်တန်းကို ကရင်ပြည်နယ် ခရိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းများမှ ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ(၇၀)ဦး၊ စုစုပေါင်း(၁၄ဝ)ဦး၊ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)