ဘုတ်ပြင်းမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း   မေ  

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့  မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတက်ရောက်လာသူများက မတ်လ(၂၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန်ပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် မတ်တပ်ရပ် ငြိမ်သက်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် ဘုတ်ပြင်းမြို့ ထောင်ခမက်ကျေးရွာအုပ်စု အရန်မီသတ်တပ်ခွဲမှူး ထိန်လင်းအား အရန်မီးသတ်လုပ်သက်(၂၅)နှစ်ပြည့် ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ပေးအပ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်းနှင့်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)