ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ပြန်လည်သင်ကြားနိုင်ရေး ဆရာ၊ ဆရာမများအား သင်တန်းပို့ချလျက်ရှိ

ကျွန်းလှ မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာများ ပြန်လည်သင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများအား ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မေ ၄ ရက်မှ ၆ ရက်နေ့ထိ မုံရွာတက္ကသိုလ် ဆရာ၊ ဆရာမများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဘာသာရပ်အလိုက်ပို့ချကြရာ နည်းပြနှင့် ဆရာ၊ ဆရာမ (၁၈) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၃၅) ဦးတက်ရောက်ကြကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဌာနမှ တာတန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)