ကျွန်းလှ၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျွန်းလှ မေ ၆

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ မေလ(၄)ရက်နေ့က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအသိ၊ မီးဘေးသတိရှိပြီး မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးလောင်ကျွမ်းရခြင်းအကြောင်း၊ မီးဖို၊ ဘရားမီးနှင့် လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာရမည့်အချက်များ၊ အထပ်မြင့်တိုက်မီးလောင်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်ထံမှ သိရသည်။

ကျွန်းလှမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ အသိပေးနှိုးဆော်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)