အောင်လံမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

အောင်လံ မေ ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက‌ အောင်လံမြို့၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု Video clip အား Power point ဖြင့် ပြသပေးခဲ့သည်။

ဆက်လက်၍ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က ငလျင်ဘေးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းခဲ့သည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)